၁။ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေး ဥပဒေပုဒ်မ ၄၇ ၊ ပုဒ်မခွဲ (ခ) အရ အောက်ဖော်ပြပါအဆိပ်ရှိပစ္စည်း (၇) မျိုးအား လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများ ကိုယ်တိုင်ဖြစ်စေ/ ယင်းတို့၏ ကြီးကြပ်မှုဖြင့်သာဖြစ်စေ ၊ သုံးစွဲရန်ဖြစ်သည့် ကန့်သတ်ထားသော ပိုးသတ်ဆေးများ အဖြစ် သတ်မှတ်လိုက်သည် ။
၂။ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့သည် ထပ်မံစိစစ်ရရှိသည့် ကန့်သတ်ထားသော ပိုးသတ်ဆေး များစာရင်းကို အခါအားလျော်စွာ ထုတ်ပြန်ကြေငြာမည် ဖြစ်ပါသည် ။
ကန့်သတ်ထားသော ပိုးသတ်ဆေးများ စာရင်း
စဉ် အဆိပ်ရှိပစ္စည်းအမည် ကန့်သတ်သုံးစွဲရန်နည်းလမ်း
(၁) Methyl Bromide Fumigant
(၂) Aluminium Phosphide Fumigant
(၃) Magnesium Phosphide Fumigant
(၄) Bromadiolone Rodenticide
(၅) Zinc Phosphide Rodenticide
(၆) Brodifacoum Rodenticide
(၇) Fenthion Malarial Control
၃။ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့သည် အမိန့်ကြေငြာချက် အမှတ် ၁/၉၄ ကို ဤစာဖြင့် လွှမ်းမိုးလိုက်သည် ။